| အင်္ဂုလိမာလသုတ် | |||
|---|---|---|---|
| ပါဠိတော် | မြန်မာအသံထွက် | မြန်မာပြန် | |
| ၁။ |
ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဋ္ဌာနဓောဝနံ။ ဥဒကမ္ပိ ဝိနာသေတိ၊ သဗ္ဗမေဝ ပရိဿယံ။ |
ပရိတ်တံ ယံ ဘဏန်တတ်သ နိသိန်နတ်ထာန ဓောဝနံ အုဒကမ်ပိ ဝိနာသေတိ သတ်ဗ-မေဝ ပရိတ်သယံ |
အိုသူတော်ကောင်းတို့ အကြင် အင်္ဂုလိမာလသုတ်တော်ကို ရွတ်ဆိုသော ပုဂ္ဂိုလ်၏ နေရာထိုင်ခုံကို ဆေးကြောင်းဖြစ်သော ရေသော်မှလည်း အလုံးစုံသာလျှင် ဖြစ်သော ဘေးရန်ကို ကင်းပျောက်စေနိုင်၏ |
| ၂။ |
သောတ္ထိနာ ဂဗ္ဘဝုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။ ထေရဿင်္ဂုလိမာလဿ၊ လောကနာထေန ဘာသိတံ။ ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။ |
သွတ်ထိနာ ဂတ်ဘ-ဝုတ်ထာနံ ယင်စ သာဓေတိ တင်ခဏေ ထေရတ်-သင်ဂုလိမာလတ်သ လောကနာထေန ဘာသိတံ ကပ်ပတ်ထာယိမ် မဟာတေဇံ ပရိတ်တံ တံဘဏာမ ဟေ |
အကြင် အင်္ဂုလိမာလသုတ်တော်သည် ပရိတ်ရွတ်စဉ် ထိုအခိုက်၌ပင် ချမ်းချမ်းသာသာဖြင့် ကိုယ်ဝန်မှထ မွေးဖွားရခြင်းကိုလည်း ပြီးစေနိုင်ပေ၏ အင်္ဂုလိမာလမည်သော မထေရ်အား မြတ်စွာဘုရားသည် ဟောတော်မူအပ်သော ကမ္ဘာဆုံးသည်ထိ တည်တတ်သော သဘာဝရှိသော ကြီးမားသော အစွမ်းရှိသော ထိုအင်္ဂုလိမာလသုတ် ပရိတ်တော်ကို ငါတို့သည် ရွတ်ကြကုန်စို့။ |
| ၃။ |
ယတော ဟံ ဘဂိနိ အရိယာယ၊ ဇာတိယာ ဇာတော၊ နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ၊ ဇီဝိတာ ဝေါရောပေတာ၊ တေန သစ္စန သောတ္ထိ တေ၊ ဟောတု သောတ္ထိ ဂဗ္ဘဿ။ |
ယ-တော ဟံ ဘဂိနိ အရိယာယ၊ ဇာတိယာ ဇာတော နာဘိဇာနာမိ သင်စိတ်စ-ပါဏံ ဇီဝိတာ ဝေါရောပေတာ တေန သစ်စေန သွတ်ထိ တေ ဟောတု သွတ်ထိ ဂတ်ဗတ်သ |
နှမငါသည် အကြင်အခါမှစ၍ အရိယာဇာတ်ဖြင့်ဖြစ်ခဲ့၏ ထိုအခါမှစ၍ သေစေလိုသော စေတနာဖြင့် အားထုတ်၍ သတ္တဝါကို ဇီဝိတိန္ဒြေမှ ချခဲ့ သတ်ခဲ့သည် ဟူ၍မသိပေ၊ ထိုသစ္စာစကားကြောင့် သင့်အားချမ်းသာခြင်းသည်ဖြစ်စေသတည်း။ သူငယ်၏ချမ်းသာခြင်းသည် ဖြစ်စေသတည်း။ |
|
အင်္ဂုလိမာလသုတ္တံ နိဋ္ဌိတံ။ |
အင်ဂုလိမာလသုတ်တံ နိတ်ထိတံ |
အင်္ဂုလိမာလသုတ်တော် ပြီး၏။ | |