| သမ္ဗုဒ္ဓေ ဂါထာတော်ကြီး (တောင်သမ္ဗုဒ္ဓေ) |
|---|
|
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ၊ အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ၊ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ၊ နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေကာ အန္တရာယာပိ ဝိနဿန္တု အသေသတော။ |
| ပါဠိတော် | မြန်မာအဓိပ္ပာယ် |
|---|---|
| အဋ္ဌဝီသံ | သုံးပါးဘဝ သုံးလောကတွင် ဉာဏ ရောင်ဖိတ် အောင်ဘိသိက်နှင့် နှစ်ကျိပ်ရှစ်ဆူကုန်သော။ |
| သမ္ဗုဒ္ဓေစ | တန်ဆောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကို လည်းကောင်း။ |
| ဒွါဒသဉ္စ သဟဿကေ | နိဗ္ဗာန်ကိန်းအောင်း စက် မွေ့လျောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော။ |
| သမ္ဗုဒ္ဓေစ | လရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းပြောင် မြတ်ဘုန်းခေါင်တို့ကိုလည်းကောင်း။ |
| ပဉ္စသတ သဟဿာနိ | သောင်းထိုက်စကြဝဠာ ဂုဏ်ဝါရောင်ရှိန်း ငါးသိန်းကုန်သော။ |
| သမ္ဗုဒ္ဓေစ | နေရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းထိန် မြတ်မုနိန်တို့ကိုလည်းကောင်း။ |
| အဟံ | အကျွန်ုပ်သည်။ |
| သိရသာ | ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်။ |
| နမာမိ | ရိုသေညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးပါ၏။ |
| ဂင်္ဂါ – ဂင်္ဂါယ | ဂင်္ဂါမြစ်တွင်း၌။ |
| ဝါဠုကာ | ရှိကြကုန်သော သဲတို့သည်။ |
| အပ္ပကာ | နည်းကြကုန်သေး၏။ |
| နိဗ္ဗုတာ | ဘုံဇာတ်သိမ်း၍ ငြိမ်းအေးတော်မူကြကုန်ပြီးသော။ |
| ဇိနာ | နှောင့်ယှက်ဖန်လာ မာရ်ငါးဖြာကို အရိယာမဂ် ဘုန်းရောင်စက်ဖြင့် ချိုးဖျက်လွယ်ကူ အောင်တော်မူသော ဘုရားရှင်အပေါင်းတို့ကား။ |
| အနန္တာ | သင်္ချာဂဏန်း ရေတွက် မှန်းလည်း ဆုံးခန်းတိုင်မြောက် မရောက်နိုင်ကြကုန်။ |
| တေ ဇိနေစ | ထိုဘုရားရှင်တို့ကိုလည်းကောင်း။ |
| တေသံ | ထိုငါးသိန်းတစ်သောင်းနှစ်ထောင်နှစ်ကျိတ်ရှစ်ဆူကုန်သော ဘုရားရှင်, မရေမတွက်နိုင်သော ဘုရားရှင်တို့၏။ |
| ဓမ္မဉ္စ | တရားတော်မြတ်ကိုလည်းကောင်း။ |
| သံဃဉ္စ | တပည့်သား သံဃာတော်မြတ်ကိုလည်းကောင်း။ |
| အဟံ | အကျွန်ုပ်သည်။ |
| အာဒရေန – အာဒရံ | ရိုသေစွာ။ |
| နမာမိ | ရှိခိုးပါ၏။ |
| နမက္ကာရာနုဘာဝေန | ဤသို့ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရသော ပဏာမကုသိုလ် စေတနာကြောင့်။ |
| သဗ္ဗေ | ခပ်သိမ်းကုန်သော။ |
| ဥပဒ္ဒဝေ | ဘေးရန်တို့ကို။ |
| ဟိတွာ | ပယ်ဖျောက်၍။ |
| အနေကာ အန္တရာယာပိ | တစ်ပါးမက များလှသွယ်သွယ် အန္တရာယ်တို့သည်လည်း။ |
| အသေသတော | အကြွင်းအကျန်မရှိသော အားဖြင့်။ |
| ဝိနဿန္တု | ပျောက်ပျက်ပါစေသတည်း။ |